ဝေမိဿကတောင် (ကနန်းတောင် )၀ယ် ဂ၀ံပတေ့ရသေ့၊ ဒူရကနတ်သား၊
ကုမ္ဘဏ္ဍပ်နတ်ဘီလူးတို့  အား အသီးသီး ဗျာဒိတ်ကြားတော်မူပြီးနောက် ရှင်တော်မြတ်စွာသည် ညီတော်အာနန္ဒာ
နှင့်တကွ (ယခု နဘုဘယ်ရွာအနီး) သု ၀ဏ္ဏဂိရိ သု ၀ဏ္ဏတောင်ကုန်း၌ ရပ်တော်မူပြန်လေ၏။
၁။ လက် ၀ဲ ခြေတော် ရာတစ်ဆူ ချတော်မူခြင်း
ယင်းအခါ ရှင်တော်မြတ်စွာသည် အနာဂတံ ရွှေဉာဏ်ဖြင့် သိမြင်တော်မူ၍ ပြုံးတော်မှု၏။ ညီတော် အာနန္ဒာ
လျှောက်တင်လျှင် “ချစ်သား အာနန္ဒာ ဤစက္ကပါလကျွဲမင်းသည် ငါဘုရား၏ အထောက်အပံ့ကိုရ၍ ငါဘုရားအား
မြေဇာမြက်ဖြင့် လှူဒါန်းရသော အကျိုးကြောင့် နတ်ပြည်၌ စုတေ၍ တဖန် လူ့ ပြည်၌ြ ဖစ်ပြီးလျှင် သက္ကရာဇ် ၁၁၃-ခုနှစ်တွင် မင်းအဖြစ်ကို ရလတံ့ ၊ ယခု ငါဘုရားကြွသွားလျှင် ဤကျွဲမင်းသည် နှလုံးမသက်သာ၍ မကြာမီ လူ့ ပြည်၌
စုတေလတံ့၊ ငါဘုရားအား အာရုံမပြတ် အမှတ်ရစေခြင်းငှာ ဤရှင်းသန့် သောတောင်ကုန်း၌ ခြေတော်ရာ တစ်ဆူကို
ချထားတော်မူအံ့ ” ဟု မိန့်  ကြားတော်မူပြီး လက် ၀ဲခြေတော်ရာ တစ်ဆူကို ချထားတော်မူခဲ့ပြီး ဘုရားရှင်
ကြွသွားတော်မူလေ၏။
စက္ကပါလကျွဲမင်းသည် ဘုရားရှင်အား အကြိမ်ကြိမ် မြေဇာမြက်ဖြင့် လှည့်လည် ဖူးခြင်းကြောင့် “ဖူးလည် ”
(၀ါ) “ဖူးလယ် ” ခေါ်ကြရာမှ ယခုအခေါ် အခေါ်ပျက်ပြားသဖြင့် “နဘုလယ်ရွာ” တွင်လေသည်။
No comments:
Post a Comment