Sunday, June 7, 2020
၁၉၉၀ ၀န်ကျင်းက မူလတန်းကျောင်းသားဘ၀ 
ဒီလို ငွေတစ်ကျပ်မုန့်ဖိုးရတယ်ဆို ကျောင်းမှာ
 အကောင်ပဲ...... မူလတန်းကျောင်းသားဘ၀က အဲသလို အကြွေးစေ့
သုံးခဲ့ဖူးတဲ့သူတွေရှိကြလား.... ?
Monday, June 1, 2020
လုံးဝလျှပ်စစ်မလို အင်ဂျင်မလိုဘဲ အလိုလို ရေတင်နည်းလေးမျှဝေပေးလိုက်ပါတယ်
zawgyi
လုံးဝလျှပ်စစ်မလို အင်ဂျင်မလိုဘဲ အလိုလို ရေတင်နည်းလေးမျှဝေပေးလိုက်ပါတယ်
ရေတွင်း ရေကန်ကရေကိုခပ်စရာမလို စုပ်ယူစရာစက်ပစ္စည်းမလိုဘဲ သဘာဝနည်းနဲ့ သုံးရေရယူ စိုက်ခင်းရေဖြန်း ၂၄ နာရီရေတက်နေတဲ့နည်းလမ်းလေးဖြစ်ပါတယ်၊၊ရိပ်သာထဲရှိ စိမ့်ရေတွင်းထဲကရေကို လုမ္ပနီဥယျာဉ်စိုက်ခင်းအတွက် အလိုအလျောက်ရေတင်နိုင်အောင် စမ်းသပ်ရန်Youtube မှလေ့လာရှာဖွေထားတာပါ၊၊
နည်းပညာကို အားလုံးစမ်းသပ်အသုံးပြုနိုင်ကြစေဖို့ မျှဝေလိုက်ပါတယ်၊၊လေလုံတဲ့သံတိုင်ကီရယ်၊ ပလပ်စတစ်ရေပိုက်နဲ့ ပိုက်ဆက်ပစ္စည်း ရေဘားတွေရယ်၊ ရေစင် ဒီလောက်ပဲလိုပါတယ်၊၊ပုံမှာပြထားတဲ့အတိုင်း ဉာဏ်ရှိသလိုတပ်ဆင်နိုင်ပါတယ်၊၊အရေးကြီးတာက ရေကန်ကလာတဲ့အဝင်ပိုက်ကအလုံးသေးပြီး အပေါ်ဖက်ကတပ်ရပါမယ်၊၊ရေထွက်ပိုက်က နည်းနည်းလုံးပတ်ကြီးပြီး တိုင်ကီအောက်ဖက်ကထွက်ရမယ်၊၊တပ်ဆင်ပြီးရင်တိုင်ကီထဲရေပြည့်အောင်ထည့်ပါ၊ အောက်ကပိုက်ထဲလည်းရေပြည့်နေပါစေ၊ ရေဘားနဲ့ထိန်းထားပါ၊ရေကန်ထဲချထားတဲ့ရေပိုက်နဲ့ တိုင်ကီထဲရေပြည့်အောင်ရေချူဘားကနေရေဖြည့်ပါ၊၊ကန်ထဲကပိုက်အဖျားမှာ ရေထိန်းအောင်ဘီလူးခေါင်းတပ်ထားပါ၊၊တိုင်ကီအောက်ဖက်က ရေပိုက်ဘားဖွင့်လိုက်ရင် တိုင်ကီထဲကရေပမာဏဖိအားကြောင့် ကန်ထဲကရေကိုစုပ်ယူပြီးတိုင်ကီထဲကို ရေတွေအပေါ်ကကျလာစေပါတယ်၊၊
ရေသွယ်တန်းပိုက်တစ်လျောက်ရေဖိအားပိုများဖို့ ပိုက်လုံးအထောင်လေးတွေတပ်ထားရင် ရေပိုသွက်တယ်လို့ဆိုပါတယ်၊၊ထိုင်းမှာသုံးနေတဲ့နည်းပညာပါ၊၊ရေသန့်ဗူးလေးနဲ့စမ်းတာတော့ အဆင်ပြေပါတယ်၊၊လောင်စာချွေတာ ပတ်ဝန်းကျင်လည်းထိန်းသိမ်းပြီးသားအဆင်ပြေကြပါစေ။
Sunday, May 31, 2020
နဘုလယ် စက်တော်ရာ ဘုရားသမိုင်း
 ဝေမိဿကတောင်   (ကနန်းတောင် )၀ယ်   ဂ၀ံပတေ့ရသေ့၊   ဒူရကနတ်သား၊
ကုမ္ဘဏ္ဍပ်နတ်ဘီလူးတို့  အား  အသီးသီး  ဗျာဒိတ်ကြားတော်မူပြီးနောက်   ရှင်တော်မြတ်စွာသည်   ညီတော်အာနန္ဒာ
နှင့်တကွ (ယခု  နဘုဘယ်ရွာအနီး) သု ၀ဏ္ဏဂိရိ  သု ၀ဏ္ဏတောင်ကုန်း၌ ရပ်တော်မူပြန်လေ၏။
၁။ လက် ၀ဲ ခြေတော် ရာတစ်ဆူ  ချတော်မူခြင်း
ယင်းအခါ  ရှင်တော်မြတ်စွာသည်   အနာဂတံ   ရွှေဉာဏ်ဖြင့်   သိမြင်တော်မူ၍  ပြုံးတော်မှု၏။  ညီတော်   အာနန္ဒာ
လျှောက်တင်လျှင်   “ချစ်သား  အာနန္ဒာ  ဤစက္ကပါလကျွဲမင်းသည်   ငါဘုရား၏  အထောက်အပံ့ကိုရ၍  ငါဘုရားအား
ချထားတော်မူအံ့ ”  ဟု   မိန့်  ကြားတော်မူပြီး  လက် ၀ဲခြေတော်ရာ  တစ်ဆူကို   ချထားတော်မူခဲ့ပြီး  ဘုရားရှင်
ကြွသွားတော်မူလေ၏။
စက္ကပါလကျွဲမင်းသည်   ဘုရားရှင်အား  အကြိမ်ကြိမ်   မြေဇာမြက်ဖြင့်   လှည့်လည်   ဖူးခြင်းကြောင့်   “ဖူးလည် ”
(၀ါ) “ဖူးလယ် ” ခေါ်ကြရာမှ  ယခုအခေါ် အခေါ်ပျက်ပြားသဖြင့်  “နဘုလယ်ရွာ” တွင်လေသည်။
Sunday, September 18, 2016
kowinbo post 4
ကိုယ်ချင်းစာတရာဆိုတာ ငွေကြေးကျခံပြီး သင်ယူစရာမလိုပါဘူး ကိုယ်တိုင်တွေကြုံ ခံစားတတ်ရုံနဲ့ နားလည်လာမှာပါ
အချိန်တန်ရင် ပုတ်မယ့်ခန္ဓာကိုယ်ကို မသေခင် မပုတ်အောင် ထားတတ်ဖို့ လိုတယ်
လေးစာမှုမရှိတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ လေးစာထိုက်သူ ဖြစ်မှာမဟုတ်ဘူး
ရေဆိုတာ မြင့်ရာက နိမ့်ရာကို စီးဆင်တာ သဘာဝပဲ့ လူဆိုတာ နိမ့်ရာက မြင့်ရာကို တက်ရာမှာ သဘာဝပဲ့
kowinbo post 3
အားတင်းထားသူငယ်ချင်း အတိတ်တွေက သိပ်ဆိုးခဲ့ပေမယ့် ဒီနေ့ဒီချိန်ကစလို့ အကောင်းဆုံး အပြုံးနဲ့ ငါ့တိုတွေ တစ်ကပြန်စကြမယ့်လေး
လောကကြီးက မတရားဘူးလို့ ခဏခဏ မညည်းတော့ဘူး ပေးလာသမျှလောကဓံနဲ့ လိုက်လျောညီးထွေ နေတတ်ဖို့ ငါ့ကြိုးစားတော့မယ်
ညီလေး အဖော်မပါပေမယ့် အားမငယ်နဲ့ တစ်ယောက်တည်းလည်း ဘဝပန်းတိုင်းကို ရောက်အောင်လျှောက်ရဲရတယ်
မျော်လင်းထားသလို့ ဖြစ်မလာပေမယ့် ဖြစ်နိုင်သေတယ် မျော်လင်ချက်လေး ငါ့ရင့်ဘတ်ထဲ့မှာ ကျန်းရှိနေသေတယ်
kowinbo post 2
အရှုံးပေးတဲ့ဆိုတာ ပျော့ညံ့တဲ့လူတွေအလုပ်ပါ အောင်မြင်အောင် လုပ်နိုင်တဲ့လူတွေက ဘဝကို ဘယ်တော့မှ မပျော့ညံ့ကြဘူး
အရေးမပါတာတွေကို အရာပေးနေသမျှတော့ မင်းဘဝက ထူးခြားလာမှာ မဟုတ်ဘူး
ဘယ်သူတွေ ဘယ်လိုပဲ့ ထိုးနှက်ပါစေ ကိုယ့်အနာဂတ်ကို ကိုယ့်ကိုယ်တိုင် ထုဆစ်နိုင်ဖို့အတွက် အပြုံးမပျက်ပဲ မင်းရှေးဆက်သွာရမယ်
ည.....နေ့တိုင်ရောက်လာနေကျဖြစ်ပေမယ့် အိပ်မရတဲ့ ဒီလိုညဆို ဘာကြောင့် ညတာရှည်မှန်မသိဘူး
kowinbo post 1
ငါ့အချစ်ငါ့မေတ္တာငါ့စေတနာကိုနားမလည်တဲ့မစာနာပေးတတ်တဲ့နင်ကိုငါမမုန်းပါဘူး
အကန့်အသတ်မဲ့စွာနဲ့ လိုသလိုပေးခဲ့တဲ့ စေတနာတွေအတွက် နောက်ဆုံးရလာဒ်က သူတို့ရဲ့စိတ်ထဲ့မှာ ငါ့စေတနာတန်းဖိုး Zero ဖြစ်လာတယ်
ဖူးစာဆိုတာ ဦးရာလူဖြစ်နေမှတော့ မင်းနဲ့မနီးတဲ့ငါ့ကို ဖူးစာမပါဘူးပဲ့ မှတ်လိုက်တော့
မနေ့က ကျရှုံးခဲ့တာတွေ ဒီနေ့အတွက်တော့ ခွန်အားတွေပဲ့ အမြဲ့တမ်အတွက် လောကဓံဆိုတာ မင်းအတွက် ခဏတာ မဟုတ်တဲ့တစ်ဘဝစာ သင်ခန်းစာပါ